“တို့နှစ်ယောက်အကြောင်း”
သူမနဲ့ပက်သက်သမျှ
ကျွန်တော့်နှလုံးသားတစ်ခုလုံး
သူမရဲ့ခြေရာတွေချည်း အပ်ကြောင်းထပ်ခဲ့ပေါ့…………။
“နားထင်အစပ်ကဆံစလေးကိုနမ်းတဲ့အခါ
နားထင်အစပ်ကသနပ်ခါးနံ့လေးကိုလွမ်းတဲ့အခါ
အတိတ်ဟာ…….
မရိုးအီနိုင်အောင်သင်းပျံ့ရီဝေနေတုန်းပဲ………”
ဟုတ်တယ်
သူမဆိုသလို ကျွန်တော်ကအတွေးသမား
ဟုတ်ပါတယ်
သူမပြောသလို ကျွန်တော်ကအဆွေးသမား
အချစ်ဆိုတာ
သူမအတွက်တော့ နှစ်နာရီစာဇာတ်လမ်းသာသာပဲ….။
“တို့နှစ်ယောက်” ဆိုတဲ့မဆီမဆိုင်စကားကို
“တို့နှစ်ယောက်”အတွက်ထပ်ပြောတဲ့အခါ……
တို့…………နှစ်……………ယောက်
အသံတွေကွဲအက်လာတယ်….
သူမရဲ့ရင်ခွင်ကို
အတိုင်းအဆမဲ့အောင်လွမ်းပါတယ်။ ။
လူစိမ်း(06)