January 31, 2013

"လက်ထပ်မင်္ဂလာ"



       "လက်ထပ်မင်္ဂလာ"

•မြတ်နိုးမိခြင်း
 အစ...အလယ်...အဆုံး
 ငြိမ်သက်အောင်ပြုစား
 လှုပ်ခတ်အောင်ပြုစား
 သူမ.....   
 သို့မဟုတ်
 တစ်ဘဝစာခြောက်နေမယ့်တစ္ဆေ
ဘယ်လောက်နာနာအမှတ်မရှိတဲ့စိတ်နဲ့
 သူမက  'လှ' တုန်း။

•ကျွန်တော်မပိုင်ခဲ့ဘူး
 သူများပိုင်သွားပြီ
 အမှန်တရားဆိုရင် အမှန်တရားမှာပဲထား
 ပြစ်မှားမိရင်ငရဲခံမယ်။

•အဲဒီနေ့ကခမ်းခမ်းနားနားကြီးကျင်းပတယ်
 အဲဒီည....
 ပန်းတွေကြွေလို့ပျက်တဲ့ကမ္ဘာရယ်
 ကျွန်တော်ရယ်.....။      
                                       လူစိမ်း(06)  

မျက်လုံးဖွင့်ပြီးအိပ်မယ်


မျက်လုံးဖွင့်ပြီးအိပ်မယ်


ညကနက်သထက်နက်လာ

အချစ်ကနက်သထက်နက်လာ

မနက်ဖြန် ….သဘက်ခါ……ရက်ပေါင်းများစွာ

ဒီကာရန်တွေအဆုံးမသတ်သရွေတော့

ဒီအခန်းထဲကထွက်ရမယ်မထင်ဘူး

အရာအားလုံးကို ဆွဲထုတ်ကြည့်ပါတယ်

                   ဆွဲဆုတ်ကြည့်ပါတယ်

အဆုံးသတ်ကမရေရာဘူုး

အေးလွန်းတဲ့ဒီညနဲ့ဒီဘ၀မှာ

နိုဝင်ဘာက နှင်းခါးတွေရိုက်လွန်း

ဒီအတိုင်းဆို….ကျွန်တော်ငိုပါတယ်။


အလွမ်းတွေ တစ်လွှာပြီးတစ်လွှာ ပြန့်ကျဲနေမှတော့

ဒီအတိုင်းဆို. .. ကျွန်တော်ငိုပါတယ်။



January 30, 2013

“ရင်ဝေးသူ့ဆုတောင်း”



“ရင်ဝေးသူ့ဆုတောင်း”


တခုတ်တရလွမ်းဆွတ်မှုနဲ့
ဒီလိုရာသီမျိုး
ဒီလိုရင်ဝေးမှုမျိုး
ဖြစ်နိုင်ရင်ကောင်းကင်ကိုသာဆွဲဆုတ်လိုက်တော့
ဒဏ်ရာက ဒဏ်ရာမကဘူး။

မင်းနဲ့ပက်သက်သမျှ
အရာရာ…….
အားလုံးဟာမင်းရေးလိုက်တဲ့တီးလုံးတီးကွက်တွေချည်း……။

တစ်နေ့နေ့ဆိုတာ
သူမရွတ်ဖတ်ခဲ့တဲ့ “မသေချာမှု နှုတ်ဆက်စကား”
“ဘ၀ဆက်တိုင်းပေါင်းကြပါစို့လား”…..တဲ့
ရင်ဘတ်ချင်းပေါင်းဆုတောင်းခဲ့လည်း
ပိုင်ဆိုင်မှုဆိုသမျှကိုလက်မလွှတ်ကြလေတော့
သူပြန်လာမယ့်နေ့ဟာ…..
ကျွန်တော်ရောက်လာမယ်နေ့ဟာ…..
ပုံရိပ်တွေလိုပဲ
ယုံကြည်မှုတွေေ၀၀ါးသွားနိုင်မယ်

“တစ်နေ့နေ့” ဆိုတာ


အနှုတ်လက္ခဏာတစ်ခုကို လှလှလေးရေးလိုက်တာပဲ။


"သူမသို့..."

  "သူမသို့..."

လွယ်လွယ်ငိုတတ်မှတော့
တမင်တကာငွေ့ရည်ဖွဲ့မလားကွယ်
ခြေရာလေးတောင်မကျန်တဲ့မြတ်နိုးမှုမှာ
မဲ့တဲ့တဲ့...
ပြုံးတုံးတုံး...
မိုးတွေတအုန်းအုန်းရွာချလိုက်ပါလား။  
ခပ်နာနာလေးအားပြုလိုက်တယ်
ရယ်သံက သံချေးတက်ပတ္တာသံလို
ပုစဉ်းရင်ကွဲလိုသာ
ရင်ကွဲအောင်အော်လိုက်ချင့် 
သြော်....သမုဒယသစ္စာရယ်   
နွယ်လိုရစ်မိမှတော့
ချစ်လိုကချစ်
နှစ်လိုကနှစ်
ဖြစ်လိုသမျှဖြစ်ပါစေတော့ကွယ်။    
                              လူစိမ်း(06)

Untitled (6)


Untitled (6)


က်ာဖီခွက်ထဲ

ရင်ခုန်သံထည့်ဖျော

တုန်တုန်ယင်ယင်နဲ့အချစ်က

ခဏခဏပြုတ်ကျတတ်တဲ့  ဖုန်းလိုင်း။။


တစ်နေ့ပြီးတစ်နေအလဲထိုး

မထနိုင်တော့မှဆွဲထူ

၂၄နာရီတိုင်းက

ဒီအကြောင်းအရာနဲ့ပဲ

အချိန်တွေ….မင်တွေပြုန်းတီး

ကာတော့လဲ  ယဉ်ပါးခဲ့ပေါ။့

အချစ်က ဒိုင်ပွဲမရပ်ခဲ့ဘူး။    ။
                            လူစမ်း(06)

  လူစိမ်း(06)

ဆုတောင်း(၁၄)


ဆုတောင်း(၁၄)


အချစ်၌


အချစ်ထက် ပို၍လေးနက်သော အဓိပ္ပာယ်မရှိကြောင်း


၂၁ ရာစုအချစ်သည်လည်း


ပေးဆပ်  ၊ ရယူမှုကင်းကင်း ရပ်တည်နိုင်ကြောင်း


ဂန္တ၀င်ဆန် အနုပညာအဖြစ် ရှိနေနိုင်သေးကြောင်း



“ပဲ့ကြွေခြင်းများ”



“ပဲ့ကြွေခြင်းများ”

ဝေးကွာခဲ့ခြင်းမှာ
တရှိုက်မက်မက်ခံစား…….

ကော်ဖီခွက်လေး
လက်ကိုင်ကျိုးသွားရသလိုမျိုး……..

ပြာခွက်ထဲ
မကျေနပ်မှုတွေ
တစ်ခုပြီးတစ်ခု ထိုးခြေ…….ကြေမွ…..

ငါ့အထီးကျန်ခြင်းလေး
တလူလူ….လွင့်…..လို့…..။      
လူစိမ်း(06)