ဆုတောင်း(၁၄)
အချစ်၌
အချစ်ထက် ပို၍လေးနက်သော
အဓိပ္ပာယ်မရှိကြောင်း
၂၁ ရာစုအချစ်သည်လည်း
ပေးဆပ် ၊ ရယူမှုကင်းကင်း ရပ်တည်နိုင်ကြောင်း
ဂန္တ၀င်ဆန် အနုပညာအဖြစ်
ရှိနေနိုင်သေးကြောင်း
ဘ၀ကောင်းစားရေးဝါဒမဟုတ်ကြောင်း
အပျော်ဖတ်ဝတ္တုမဟုတ်ကြောင်း
အချစ်ကို.........
အချစ်လို
တန်ဖိုးထားခံစားတတ်စေလိုကြောင်း
အချစ်
ပြန်ရခဲ့သည်ဖြစ်စေ ........ပြန်မရတော့ဘူးဖြစ်စေ
ချစ်ရသူ၏ အချစ်....အမုန်း...အားလုံးကို
ချစ်တတ်နေရန်လိုကြောင်း
အထူးသဖြင့်
ချစ်သူတိုင်း
အချစ်၌........ပျော်ရွှင်စွာချစ်သောအချစ်တို့ဖြင့်
ထာဝရ ချစ်နိုင်ကြပါစေကြောင်း.....။ ။
လူစိမ်း(06)
No comments:
Post a Comment