January 30, 2013

“ရင်ဝေးသူ့ဆုတောင်း”



“ရင်ဝေးသူ့ဆုတောင်း”


တခုတ်တရလွမ်းဆွတ်မှုနဲ့
ဒီလိုရာသီမျိုး
ဒီလိုရင်ဝေးမှုမျိုး
ဖြစ်နိုင်ရင်ကောင်းကင်ကိုသာဆွဲဆုတ်လိုက်တော့
ဒဏ်ရာက ဒဏ်ရာမကဘူး။

မင်းနဲ့ပက်သက်သမျှ
အရာရာ…….
အားလုံးဟာမင်းရေးလိုက်တဲ့တီးလုံးတီးကွက်တွေချည်း……။

တစ်နေ့နေ့ဆိုတာ
သူမရွတ်ဖတ်ခဲ့တဲ့ “မသေချာမှု နှုတ်ဆက်စကား”
“ဘ၀ဆက်တိုင်းပေါင်းကြပါစို့လား”…..တဲ့
ရင်ဘတ်ချင်းပေါင်းဆုတောင်းခဲ့လည်း
ပိုင်ဆိုင်မှုဆိုသမျှကိုလက်မလွှတ်ကြလေတော့
သူပြန်လာမယ့်နေ့ဟာ…..
ကျွန်တော်ရောက်လာမယ်နေ့ဟာ…..
ပုံရိပ်တွေလိုပဲ
ယုံကြည်မှုတွေေ၀၀ါးသွားနိုင်မယ်

“တစ်နေ့နေ့” ဆိုတာ


အနှုတ်လက္ခဏာတစ်ခုကို လှလှလေးရေးလိုက်တာပဲ။


ဆက်မတွေးရက်တော့ဘူး
ကိုးကွယ်ယုံကြည်မိသလောက်
အချစ်ဆိုတာပစ္စုပ္ပန်ကောင်းကျိုးမရှိလေတော့
အရာရာကို တိတ်တဆိတ်ကြေကွဲလိုက်
ဒီပုံပြင်ဟာ
ဘယ်တော့မှမပြီးတော့ပေမယ့်
ဒီညမှာတင်ဇာတ်သိမ်း
ဖို့……
ကြိုးစားကြည့်တယ်
မျက်ရည်တွေဝိုင်းလာရုံအပြင်
မည်သို့မျှမရေရာသောပေါင်းစပ်ခြင်း
ရင်ခွင်တစ်ခုမှာသူမပျော်ပါစေ
မနက်ဖြန်တောင်းတဲ့ဆုမှာ
အားလုံး     ပန်းပွင့်တွေချည်း
ကျွန်တော်မှလွဲ၍……။   
                             လူစိမ်း(06)

No comments:

Post a Comment