အခုတစ်ပုဒ်ကတော့ ကျွန်တော် တို့ State ကျောင်းတုန်းကသူငယ်ချင်းတွေကို သတိရသောအားဖြင့် ရေးခဲ့ဖူးတဲ့
ကဗျာလေးပါ။ မောင်သန့်၊ ရန်နိုင်ဝင်း၊ စည်သူ၊ ရွှေရည် ၊နန်းဖြူ၊ သိမ့်၊ အိပြည့် အဲ..နောက်တော့ အေးပု ပေါ့…..သူတို့အားလုံးအတွက်ပါ။ပြ
ဆုတောင်း(၂)
==============================
အသိချင်းခြား
အကြည့်ချင်းခြား
ငါတို့တွေခြားနားသွားပုံများ
ထိစပ်ဖို့ ဖန်တီးယူမရတော့တဲ့အထိ
အဆုံစွန်။
နွေးထွေးဖြူစင်ဖူးတဲ့
ပြဌာန်းစာအုပ်တွေကို
ငါမလွမ်းဘဲနေမလား။
စာရွက်ပိုင်းလေးထဲကစကားသံတွေရယ်
နှုတ်ဆက်ပွဲလက်ဆောင်တွေရယ်…..။
အနေအထားချင်းမတူညီကြမှတော့
ဦးတည်ချက်ကွဲမျဉ်းကွေးတွေလို
တစ်နေရာစီ
တစ်သံသရာစီ
လည်ပတ်ပုံချင်း…..ငါတို့ရပ်တည်မ
ပေါင်းစည်းမှုကင်းကင်း
ကိုယ့်လမင်းနဲ့ကိုယ် လင်းနေလိုက်ကြတာ
အတိတ်ဟာမှိုင်းပျလို့ပေါ့။
တစ်ခါမကလွမ်းတတ်တဲ့စိတ်နဲ့
မကြာခဏ….ငါ့မှာ
ဒီ၅၂၈မေတ္တာဘွဲ့လေးဆိုညဉ်းမိတိုင
ဒီပိတ်ကားဟောင်းလေးဆွဲဖွင့်မိတိ
ရယ်သံတွေနဲ့ကောင်းကင်တစ်ခုလုံးေ
ငါတို့ကျောင်းလွယ်အိပ်ထဲ
အရင်လို…..
ကြယ်တွေအစုံအညီလင်းစေ့ချင်ရဲ့။ ။
လူစိမ်း(06)
No comments:
Post a Comment