March 6, 2013

မျက်မြင် ၂၀၁၃


မျက်မြင် ၂၀၁၃
=================================
အသံတွေဆူလို့ပေါ့
၂၁ရာစုမြန်မာကြီး
ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆန္ဒပြဆိုင်းဘုတ်၊ Human Right
အော်ရင်းအော်ရင်းကလိမ္မော်ရောင်သန်းလာ
နိုဘယ်ဆုကငြိမ်းချမ်းစေသလား ?။

မီးပွိုင့်တွေကိုစိတ်ကုန်မိတယ်
မီးပျက်ညတွေကိုစိတ်ကုန်မိတယ်
မြစ်ဆုံမှာရေတွေစီးတုန်း
လက်ပံတောင်းတောင်မှာမီးခိုးတွေအူတုန်း
ရိုးသားမှုတွေဟာ သကာအလွှမ်းခံလိုက်ရပေါ့
မရှိဆင်းရဲမှုဟာ အရောင်အပြောင်းခံလိုက်ရပေါ့
လမ်းပေါ်က လုပ်စားသူုတွေ
လမ်းပေါ်က ဥာဏလုပ်သားတွေ
အသံကောင်းနေကြ
သူတို့ပေါ့.........
၂၁ ရာစုမြန်မာကြီး
၂၁ရာစုမြန်မာ့ပုံရိပ်ကြီး
သွားကြမည် ....သွားကြမည်
ဒီမိုကရေစီတဲံ့
ပဋိပက္ခမြေမှာ ၀ါးလုံးတွေသွားကူညီဦး
နိုင်ငံတကာမှာ ပေါင်တွေလှန်လှန်ပြီးထောင်းပြဦ
ကျောင်းမတက်တဲ့ဆေးကျောင်းသားတွေဆရာဝန်ပေးလုပ်လိုက်ဦး


မြန်မာဟာဆတ်ဆတ်ခါနေတယ်
မြန်မာဟာကြွပ်ရွနေတယ်
နောက်ဖေးတံခါးကိုမပိတ်ရသေးဘူး
အိမ်ရှေ့ခြံစည်းရိုး ကြိုးမတုပ်ရသေူးဘူး
ဝုန်းးဒိုင်းကြဲလို့ပေါ့
အိမ်ခန်းထဲကမြန်မာ
တိုင်းရင်းသားစာရင်းကိုထပ်ဖြည့်ဖို့ကြိုးစားနေကြတယ်
အသားတွေဖဲ့ထုတ်ပြီးရောင်းစားဖို့ လှုံ့ဆော်နေကြတယ်
ဒီမိုကရေစီမြန်မာ
ခိုင်အောင်တုပ်မဲ့ကြိုးတွေထက်
ခုတ်မဲ့ဓါးတွေပိုများနေတဲံ့ မြန်မာ
ဆူးလေစေတီတော်ဘေးကအရိပ်မည်းမည်းကြီတော့ တဖြည်းဖြည်းကြီးလာဆဲ
မသိချင်ယောင်ဆောင်နေကြဆဲ
ဒီမိုကရေစီမြန်မာ
၂၁ ရာစုမြန်မာကြီး
နောက်ဖေးလမ်းကြားကလူတွေနဲ့ ပေါင်းပြီး
အိမ်နံရံဖြိုမယ့်သူတွေရှိတယ်
လူ့အခွင့်အရေးဆိုတာကို
"မြန်မာ့အမျိုး"အပျောက်ခံပြီး အော်နေသူတွေရှိတယ်
"ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့လို့ "ပြောမယ့်သူတွေရှိတယ်
ဒီမိုကရေစီမြန်မာမှာ
အိုးမည်းချည်းသုတ်သုတ်ပြီးခွပ်နေကြတာ
ခါးကမသန်တော့ဘူး။

လုပ်စားသုတို့နဲ့ လှုပ်ရှားသူတို့........
...............................................
မြေဇာပင်တွေကြွေကောင်းတုန်း
အသံတွေဆူကောင်းတုန်း
၂၁ရာစုမြန်မာ
ဒီမိုကရေစီမြန်မာပေါ့။            
                               လူစိမ်း(06)

No comments:

Post a Comment